ရတနာအောင်စည် ကုမ္ပဏီလီမိတက် ၏ ကုမ္ပဏီ မိတ်ဆက်

ကျွန်တော်များ I.S.B Co., Ltd ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ (၅) ရက် တွင် စတင်တည်ထောင် ခဲ့ပါသည်။ I.S.B Co., Ltd သည် Myanmar New Power Group of companies ၏ မိသားစု၀င်ကုမ္ပဏီတစ်ခု ဖြစ်ပြီး  တရုတ်နိုင်ငံမှ DAYUN, DONGFANG, FAW, FOTON, SINOTRUK , YUTONG, XCMG, စသည့် အမှတ်တံဆိပ် Dump Truck, Mini Truck, Cargo Truck, Container Box Truck, BackHoe, Wheel Loader နှင့် အခြား လုပ်ငန်းသုံး ယာဉ်ကြီးများ နှင့် စက်ယန္တရား အပိုပစ္စည်းများ အား တင်သွင်း ဖြန့်ချီလျှက်ရှိပါသည်။

DAYUN အမှတ်တံဆိပ် လုပ်ငန်းသုံးကားများအား မြန်မာပြည် တစ်ဦးတည်းကိုယ်စားလှယ် အဖြစ် ဖြန့်ချီရောင်းချလျှက် ရှိပါသည်။

ယခုအခါ မြန်မာတစ်နိုင်ငံလုံးတွင် ရုံးခွဲပေါင်း (၉) ရုံးခွဲ၍ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ရုံးခွဲတိုင်းတွင် နားလည်တတ်ကျွမ်းသည့် အရောင်း၀န်ထမ်းများ၊ နည်းပညာရှင်များ၊ ကျွမ်းကျင်သော စက်ပြင်ဌာနများ စသည်ဖြင့် ပြီးပြည့်စုံသော ၀န်ဆောင်မှုကို စနစ်ကျသော အုပ်ချုပ်မှုအောက်တွင် ဆောင်ရွက်ပေးလျှက်ရှိပါသည်။

ကျွန်တော်တို့၏ Customer များနှင့် လုပ်ငန်းရှင်ကြီးများကို အကောင်းဆုံးသော၀န်ဆောင်မှု၊ ပေးရသောတန်ဖိုးနှင့် ညီမျှသော အရည်အသွေးကောင်း စက်ပစ္စည်းများ၊ စက်အပိုပစ္စည်းများ နှင့် အခြား၀န်ဆောင်မှုလုပ်ငန်းများအား တစ်နေရာထဲတွင် ရရှိနိုင်ခြင်း။ ယုံကြည်မှုနှင့် ရိုးသားမှုပေါ်တွင် အခြေခံတည်ဆောက်ထားခြင်း။ ကွဲပြားခြားနားသော အရည်အသွေးရှိခြင်း။ အဖွဲ့အစည်းအလိုက် ညီညွတ်မှုရှိခြင်း စသည့်အချက်များဖြင့် လူကြီးမင်းတို့၏ စိတ်ကျေနပ်မှုကို အပြည့်အ၀ ရရှိစေရန် ရည်ရွယ်ပါသည်။